Psalms 140:9
ကျွန်တော်မျိုး၏ရန်သူများအားအောင်ပွဲခံခွင့် ပေးတော်မမူပါနှင့်။ ကျွန်တော်မျိုးအားခြိမ်းခြောက်ပြောဆိုသမျှ တို့ကို သူတို့ခံကြရပါစေသော။
Common Language Bible
In The King James Version
As for the head of those that compass me about, let the mischief of their own lips cover them.
In Context
Cross References
Esther 5:14ထို့အခါသူ၏ဇနီးနှင့်မိတ်ဆွေအပေါင်း တို့ကသူ့အား``ခုနစ်ဆယ့်ငါးပေမြင့်သည့် လည်ဆွဲတိုင်ကိုစိုက်ထူစေပါလော့။ မော်ဒကဲ အားထိုလည်ဆွဲတိုင်တွင်တင်၍သတ်ရန် နက် ဖြန်နံနက်၌မင်းကြီးအားလျှောက်ထားပါ လော့။ ထိုနောက်ပျော်ရွှင်စွာညစာစားပွဲသို့ သွားနိုင်ပါလိမ့်မည်'' ဟုအကြံပေးကြ၏။ ဟာမန်သည်ထိုအကြံကိုနှစ်သက်သဖြင့် လည်ဆွဲတိုင်ကိုစိုက်ထူစေ၏။
Psalms 7:16သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။ မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။
Psalms 94:23ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
Proverbs 10:11ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
Proverbs 18:7မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။