Psalms 141:1
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်ပါ၏။ ယခုပင်ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ နားထောင်တော်မူပါ။
Common Language Bible
In The King James Version
LORD, I cry unto thee: make haste unto me; give ear unto my voice, when I cry unto thee.
In Context
Cross References
Job 7:21အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
Psalms 28:2ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်သို့ လက်အုပ်ချီလျက်``ကူမတော်မူပါ'' ဟု ကျွန်တော်မျိုးဟစ်အော်သောအခါ နားထောင်တော်မူပါ။
Psalms 69:17ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
Psalms 70:5ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။ ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။
Psalms 143:1အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။ ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။ သစ္စာစောင့်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။