Psalms 69:17
ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
Common Language Bible
In The King James Version
And hide not thy face from thy servant; for I am in trouble: hear me speedily.
In Context
18ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။
Cross References
Psalms 13:1အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။ အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
Psalms 27:9ကျွန်တော်မျိုးအားမျက်နှာတော်ကိုလွှဲတော် မမူပါနှင့်။ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏အစေခံဖြစ်သူကျွန်တော် မျိုးအား ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုး၏ကယ်တင်ရှင် အို ဘုရားသခင်၊ ကျွန်တော်မျိုးအားပစ်ထားတော်မမူပါနှင့်။ စွန့်ပစ်တော်မမူပါနှင့်။
Psalms 44:24ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ ကျွန်တော်မျိုးတို့၏ဝေဒနာနှင့်ဆင်းရဲဒုက္ခများကို မေ့တော်မမူပါနှင့်။
Psalms 70:1အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။
Psalms 143:7အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
Lamentations 3:22ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။