Psalms 141:8
သို့ရာတွင် အို ဘုရားရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားမြဲကိုးစားပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ ကျွန်တော်မျိုး၏အသက်ကိုကွယ်ကာတော်မူပါ။
Common Language Bible
In The King James Version
But mine eyes are unto thee, O GOD the Lord: in thee is my trust; leave not my soul destitute.
In Context
Cross References
2 Chronicles 20:12ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။
Psalms 11:1ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။ ``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။ သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။ ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။
Psalms 102:17ကိုယ်တော်သည်မိမိစွန့်ပစ်ထားသည့်လူစု တော်၏ လျှောက်ထားချက်ကိုကြားတော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလိမ့်မည်။
Psalms 143:3ရန်သူသည်ကျွန်တော်မျိုးအားလိုက်လံ၍မီပါပြီ။ ကျွန်တော်မျိုးအားလုံးဝအရေးရှုံးနိမ့်စေပါပြီ။ သူသည်ကျွန်တော်မျိုးကိုမှောင်သောအရပ်တွင် ချုပ်နှောင်ထားပြီဖြစ်၍ ကျွန်တော်မျိုးသည်ရှေးလွန်လေပြီးသော အခါက သေလွန်ခဲ့သူကဲ့သို့ဖြစ်ပါ၏။
John 14:18``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။-