Psalms 143:3
ရန်သူသည်ကျွန်တော်မျိုးအားလိုက်လံ၍မီပါပြီ။ ကျွန်တော်မျိုးအားလုံးဝအရေးရှုံးနိမ့်စေပါပြီ။ သူသည်ကျွန်တော်မျိုးကိုမှောင်သောအရပ်တွင် ချုပ်နှောင်ထားပြီဖြစ်၍ ကျွန်တော်မျိုးသည်ရှေးလွန်လေပြီးသော အခါက သေလွန်ခဲ့သူကဲ့သို့ဖြစ်ပါ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 2:22အာဗနာက``ငါ့ကိုလိုက်မနေနှင့်။ သင့်ကိုငါ မသတ်လိုပါ။ သင့်ကိုသတ်ပြီးလျှင်သင်၏အစ်ကို ယွာဘအားငါအဘယ်သို့မျက်နှာပြနိုင်ပါ မည်နည်း'' ဟုဆို၏။-
Psalms 7:1ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ကိုယ်တော်၌ကျွန်တော်မျိုးခိုလှုံပါ၏။ ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးနေသူအပေါင်းတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
Psalms 7:6အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
Psalms 31:12ကျွန်တော်မျိုးသေလေပြီကဲ့သို့ လူအပေါင်းတို့သည်ကျွန်တော်မျိုးအား မေ့ပျောက်သွားကြပါ၏။ ကျွန်တော်မျိုးသည်စွန့်ပစ်ခြင်းခံရသည့် အိုးကွဲကဲ့သို့ဖြစ်ပါ၏။
Psalms 54:3မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်ရန်လာကြပါပြီ။ ဘုရားကိုပမာဏမပြုသည့် ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား သတ်ရန်ကြိုးစားကြပါ၏။
Psalms 142:6ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးသည်အလွန်စိတ်ပျက် အားလျော့လျက်ရှိပါ၏။ ကျွန်တော်မျိုးထက်များစွာခွန်အားကြီးမား သော ရန်သူများ၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။