Psalms 144:11
ရက်စက်ကြမ်းကြုတ်သောရန်သူများ၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏လက်မှကယ်ဆယ်တော် မူပါ။ ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကိုမပြောတတ်ကြပါ။ ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 16:5ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။-
Psalms 12:2လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
Isaiah 44:20သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။