Psalms 144:10
ကိုယ်တော်ရှင်သည်ဘုရင်တို့အားစစ်ပွဲအောင်ခွင့်ကို ပေးတော်မူပါ၏။ ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်ကို ကယ်ဆယ်တော်မူပါ၏။
Common Language Bible
In The King James Version
It is he that giveth salvation unto kings: who delivereth David his servant from the hurtful sword.
In Context
Cross References
2 Samuel 5:19ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
2 Samuel 21:16ဣရှဗိဗေနုပ်ဟုနာမည်တွင်သောအလွန် ထွားကြိုင်းသူလူတစ်ယောက်သည် ဒါဝိဒ် အားလုပ်ကြံမည်ပြု၏။ သူသည်ဋ္ဌားတစ် လက်ကိုကိုင်ဆောင်ထား၏။ သူ၏ကြေးဝါ လှံသည်ခုနစ်ပေါင်လေး၏။ ဇေရုယာသား အဗိရှဲသည်ဒါဝိဒ်ကိုကူညီ၍ဖိလိတ္တိ လူကိုတိုက်သတ်လေ၏။-
Psalms 18:50ဘုရားသခင်သည်မိမိခန့်ထားတော်မူသော ဘုရင်အားအောင်ပွဲကြီးများခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသောဒါဝိဒ်မှစ၍ သူ၏သားမြေးများအားခိုင်မြဲသောမေတ္တာ တော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
Psalms 132:10အို ထာဝရဘုရား၊ ကိုယ်တော်၏အစေခံဒါဝိဒ်အားပေးတော်မူသည့် ကတိတော်ကိုထောက်၍ ကိုယ်တော်ရွေးချယ်တော်မူသည့်ဘုရင်ကို ပစ်ပယ်တော်မမူပါနှင့်။
Psalms 140:8အို ထာဝရဘုရား၊ သူယုတ်မာ၏အလိုဆန္ဒကို ပြည့်စုံစေတော်မမူပါနှင့်။ သူတို့၏ဆိုးယုတ်သောအကြံအစည်များကို အောင်မြင်ခွင့်ပေးတော်မမူပါနှင့်။
Jeremiah 27:6လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-