Psalms 144:8
ထိုသူတို့သည်အဘယ်အခါ၌မျှမှန်သော စကားကို မပြောတတ်ကြပါ။ ကျမ်းကျိန်၍ပြောဆိုရာ၌ပင်လျှင် လိမ်လည်တတ်ကြပါ၏။
Common Language Bible
In The King James Version
Whose mouth speaketh vanity, and their right hand is a right hand of falsehood.
In Context
Cross References
Deuteronomy 32:40ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်း ငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။
Psalms 12:2လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
Psalms 58:3ဒုစရိုက်သမားတို့သည်တစ်သက်လုံးအမှားကို သာလျှင်ပြုတတ်ကြ၏။ သူတို့သည်မိမိတို့မွေးကတည်းက မုသားစကားကိုပြောဆိုတတ်ကြ၏။
Psalms 106:26သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားတော ကန္တာရတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ သူတို့၏သားမြေးများအားဘုရားမဲ့သူတို့ ထံတွင် ကွဲလွင့်စေလျက်တိုင်းတစ်ပါးတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း ကြပ်တည်းစွာ သတိပေးတော်မူ၏။
Isaiah 44:20သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
Matthew 5:30သင်၏လက်ယာလက်သည်သင့်အားမှောက်မှားစေ လျှင်ထိုလက်ကိုဖြတ်ပစ်လော့။ သင်၏ကိုယ်ခန္ဓာတစ် ခုလုံးငရဲသို့လားရသည်ထက်ကိုယ်အင်္ဂါတစ်ခု ချို့တဲ့ရခြင်းကသာ၍ကောင်း၏။