Psalms 150:1
ထာဝရဘုရားအားထောမနာပြုကြလော့။ ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။ ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
Common Language Bible
In The King James Version
Praise ye the LORD. Praise God in his sanctuary: praise him in the firmament of his power.
In Context
Cross References
Psalms 19:1မိုးကောင်းကင်သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပေါ်လွင်စေ၍ ကိုယ်တော်၏ လက်ရာတော်တို့ကိုထင်ရှားစွာဖော်ပြ၏။
Psalms 29:9ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍ သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။ တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟု ဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။
Psalms 102:19အကျဉ်းခံနေရသူများ၏ညည်းတွားသံများကို နားထောင်တော်မူရန်လည်းကောင်း၊ သေဒဏ်စီရင်ခြင်းခံရသူတို့အားလွတ်ငြိမ်းခွင့် ပေးတော်မူရန်လည်းကောင်း ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် အထက်ဘုံမှငုံ့၍ကြည့်တော်မူ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံမှငုံ့၍ ကမ္ဘာကိုစစ်ဆေးကြည့်ရှုတော်မူ၏။
Psalms 134:2လက်အုပ်ချီ၍ဗိမာန်တော်ထဲ၌ဆုတောင်း ပတ္ထနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။
Ezekiel 1:22သတ္တဝါများ၏ဦးခေါင်းအထက်တွင်အရောင်လက်၍နေသောကျောက်သလင်းသဖွယ်ရှိ၍ ထိတ်လန့်ဖွယ်ကောင်းသောလိပ်ခုံးပုံသဏ္ဌာန်ကြီးတစ်ခုရှိ၏။-