The Bible Software
bible.software › Psalms › Psalms 16 › Psalms 16:8

Psalms 16:8

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့် အ​ဘယ်​အ​ရာ​မျှ​ငါ့​ကို​တုန်​လှုပ်​စေ​နိုင်​မည် မ​ဟုတ်​ပါ။

Common Language Bible

In The King James Version

I have set the LORD always before me: because he is at my right hand, I shall not be moved.

In Context

7ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​၏။ ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ညဥ့်​အ​ခါ​ငါ့​ကို သ​တိ​ပေး​နှိုး​ဆော်​တတ်​၏။

9သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက် ပါ​၏။ ကျွန်​တော်​မျိုး​သည်​ဘေး​ကင်း​လုံ​ခြုံ​လျက်​ရှိ​ပါ​၏။

Read all of Psalms 16

Cross References

Psalms 15:5သူ​သည်​အ​တိုး​မ​ယူ​ဘဲ​မိ​မိ​၏​ငွေ​ကို ချေး​ငှား​တတ်​၏။ သူ​သည်​တံ​စိုး​လက်​ဆောင်​ယူ​၍​အ​ပြစ်​မဲ့ သူ​တို့ ထိ​ခိုက်​နစ်​နာ​စေ​ရန်​သက်​သေ​မ​ခံ​တတ်။ ဤ​သို့​သော​သူ​သည်​အ​စဉ်​အ​မြဲ​ဘေး ကင်း​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။

Psalms 62:3သင်​တို့​အ​ပေါင်း​သည်​ယိမ်း​ယိုင်​လျက်​ရှိ​သော နံ​ရံ​နှင့် ပြို​ကျ​ပျက်​စီး​လျက်​ရှိ​သော​ခြံ​ဝင်း​ကဲ့​သို့ အင်​အား​မ​ရှိ​သည့်​လူ​တစ်​ယောက်​အား အ​ဘယ်​မျှ ကြာ​အောင်​တိုက်​ခိုက်​ကြ​ပါ​မည်​နည်း။

Psalms 62:7ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။

Psalms 73:26ကျွန်​တော်​မျိုး​၏​ကိုယ်​စိတ်​သည်​အင်​အား ချိ​နဲ့​လာ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ စွမ်း​အား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​မှ​တစ်​ပါး မည်​သူ့​ကို​မျှ​မ​လို​ပါ။

Psalms 110:5ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။ အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

Psalms 139:18ထို​အကြံ​အ​စည်​တော်​တို့​ကို​ကျွန်​တော်​မျိုး ရေ​တွက်​ရ​မည်​ဆို​သော် ယင်း​တို့​သည်​သဲ​လုံး​များ​ထက်​များ​ပါ​လိမ့်​မည်။ အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​နှင့်​အ​တူ​ရှိ​နေ​ဦး​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 16:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 16:7Psalms 16Psalms 16:9 →