The Bible Software
bible.software › Psalms › Psalms 73 › Psalms 73:26

Psalms 73:26

ကျွန်​တော်​မျိုး​၏​ကိုယ်​စိတ်​သည်​အင်​အား ချိ​နဲ့​လာ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ စွမ်း​အား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​မှ​တစ်​ပါး မည်​သူ့​ကို​မျှ​မ​လို​ပါ။

Common Language Bible

In The King James Version

My flesh and my heart faileth: but God is the strength of my heart, and my portion for ever.

In Context

25ကျွန်​တော်​မျိုး​မှာ​ကိုယ်​တော်​ရှင်​မှ​လွဲ​၍ ကောင်း​ကင်​ဘုံ​တွင်​အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​ရှိ​တော်​မူ​လျှင် ကမ္ဘာ​မြေ​ပေါ်​၌​အ​ဘယ်​အ​ရာ​ကို​လို​ပါ​တော့ မည်​နည်း။

27ကိုယ်​တော်​ရှင်​အား​စွန့်​ပစ်​ကြ​သူ​တို့​သည် အ​ကယ်​စင်​စစ် သေ​ကျေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​အား​သစ္စာ​ဖောက်​သူ​တို့​ကို ကိုယ်​တော်​ရှင်​သည်​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

Read all of Psalms 73

Cross References

Psalms 16:5အို ထာ​ဝ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှီ​ခို​ရာ​ကိုယ်​တော်​ရှင်​တစ်​ပါး သာ​လျှင် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​လို​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို​လည်း ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​နာ​ဂတ်​သည်​ကိုယ်​တော်​၏ လက်​ဝယ်​ရှိ​ပါ​၏။

Psalms 27:14ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။ စိတ်​မ​ပျက်​နှင့်၊ယုံ​ကြည်​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​စား​လော့။

Psalms 63:1အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။

Psalms 119:57အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​သာ​လှင် တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​က​တိ​ပြု​ပါ​၏။

Psalms 138:3ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါ ကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။

Isaiah 40:29ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 73:26

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 73:25Psalms 73Psalms 73:27 →