Psalms 18:44
လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
Common Language Bible
In The King James Version
As soon as they hear of me, they shall obey me: the strangers shall submit themselves unto me.
In Context
Cross References
Deuteronomy 33:29ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
2 Samuel 22:44ကိုယ်တော်ရှင်သည်အကျွန်ုပ်အားပုန်ကန်သော ပြည်သူတို့၏လက်မှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးခွင့်ပေးတော်မူပါ၏။ အကျွန်ုပ်မသိဘူးသောလူမျိုးတို့သည်ယခုအခါ၌ အကျွန်ုပ်ထံအခွန်ဆက်ရကြပါ၏။
Psalms 68:30ကူတောမှသားရဲတိရစ္ဆာန်ဖြစ်သည့်အီဂျစ် ပြည်ကို ဆုံးမတော်မူပါ။ နွားလားဥသဘများနှင့်နောက်လိုက် နွားပျိုများတည်းဟူသောလူမျိုးများ သည် ကိုယ်တော်ရှင်အားဦးညွှတ်ပျပ်ဝပ်၍ လက်ဆောင် ပဏ္ဏာဆက်သလာသည်တိုင်အောင်သူတို့အား ဆုံးမတော်မူပါ။ စစ်တိုက်ရန်နှစ်သက်သောလူမျိုးတို့ကိုကွဲလွင့် စေတော်မူပါ။
Isaiah 62:8ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။ ``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။ လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍ လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
Romans 10:16သို့ရာတွင်ထိုသတင်းကောင်းကိုလူတိုင်း မယုံကြ။ ဟေရှာယကိုယ်တိုင်က``အို ထာဝရ ဘုရားရှင်၊ အကျွန်ုပ်တို့ကြေညာသောသတင်း ကိုအဘယ်သူယုံပါသနည်း'' ဟုဆိုသည်။-