Psalms 22:1
ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။ သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 2:6ထိုမုန့်ကိုပူဇော်သောအခါမုန့်ကိုချေ၍ မုန့် ပေါ်တွင်ဆီလောင်းရမည်။
Job 3:24အစာစားခြင်းအရာ၌ ငါညည်းတွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။
Psalms 16:1အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက် တော်မူပါ။
Psalms 22:16လူဆိုးတစ်စုသည်ကျွန်တော်မျိုးကို ဝိုင်းထားကြပါ၏။ သူတို့သည်တောခွေးအုပ်ကဲ့သို့ကျွန်တော်မျိုး အနီးသို့ချဉ်းကပ်လာပြီးလျှင် ကျွန်တော်မျိုး၏ခြေလက်များကိုကိုက်ဖြတ် ကြပါ၏။
Psalms 31:14သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။
Psalms 37:28အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။