Psalms 33:9
ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ကမ္ဘာလောကသည်ဖြစ်ပေါ်လာ၏။ ကိုယ်တော်မိန့်တော်မူသောအခါခပ်သိမ်းသော အရာတို့သည်ပေါ်ပေါက်လာကြ၏။
Common Language Bible
In The King James Version
For he spake, and it was done; he commanded, and it stood fast.
In Context
Cross References
Genesis 1:3ဘုရားသခင်က``အလင်းရောင်ပေါ်စေ'' ဟု အမိန့်တော်ချမှတ်သောအခါ အလင်းရောင် ထွက်ပေါ်လာ၏။-
Psalms 93:5အို ထာဝရဘုရား၊ ကိုယ်တော်၏ပညတ်တော်တို့သည်ထာဝစဉ် တည်ပါ၏။ ကိုယ်တော်ရှင်၏ဗိမာန်တော်သည်လည်းအစဉ် အမြဲ သန့်ရှင်းမြင့်မြတ်တော်မူပါ၏။
Psalms 148:5ထိုအရာရှိသမျှတို့သည်ထာဝရ ဘုရား၏ နာမတော်အားထောမနာပြုကြစေ။ ကိုယ်တော်သည်အမိန့်ပေးတော်မူ၍ယင်း တို့ကို ဖန်ဆင်းတော်မူ၏။
Colossians 1:16အဘယ်ကြောင့်ဆိုသော်ထိုသားတော်အားဖြင့် ဘုရားသခင်သည်ကောင်းကင်လောကရှိတန် ခိုးရှင်များနှင့် အာဏာပိုင်များအပါအဝင် ကောင်းကင်နှင့်ကမ္ဘာမြေပေါ်ရှိမျက်စိဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ဟူသမျှကိုဖန်ဆင်းတော်မူသောကြောင့် တည်း။ ဘုရားသခင်သည်ထိုသခင်၏ အဖို့အလို့ငှါထိုသခင်အားဖြင့်စကြ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူ၏။-
Hebrews 11:3မမြင်နိုင်သောအရာထဲမှမြင်ရသောအရာ ဖြစ်ပေါ်လာစေရန်ဘုရားသခင်သည်အမိန့် တော်အားဖြင့် စကြဝဠာကိုဖန်ဆင်းတော်မူ ကြောင်းကိုငါတို့သိကြရသည်မှာယုံကြည် ခြင်းကြောင့်ဖြစ်၏။