Psalms 34:18
ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။ မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
Common Language Bible
In The King James Version
The LORD is nigh unto them that are of a broken heart; and saveth such as be of a contrite spirit.
In Context
Cross References
2 Kings 20:5``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-
Psalms 18:7ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
Psalms 75:1ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်ရှင်သည်အဘယ်မျှကြီးမြတ်တော်မူ သည်ကိုထုတ်ဖော်ကြေညာ၍ ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်း ကို ပြောကြားကြပါ၏။
Psalms 119:151သို့ရာတွင် အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်ကွန်တော်မျိုး၏အနီးတွင် ရှိတော်မူပါ၏။ ပညတ်တော်ရှိသမှတို့သည်မှန်ကန်ပါ၏။
Psalms 145:19ကိုယ်တော်သည်မိမိအား ကြောက်ရွံ့ရိုသေသူအပေါင်းတို့၏လိုအင် များကို ဖြည့်တင်းပေးတော်မူ၏။ သူတို့၏ဟစ်အော်သံကိုကြားတော်မူ၍ သူတို့အားကယ်တော်မူ၏။
Isaiah 55:6ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။