Psalms 35:10
``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။ အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်း ကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟု ထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
Common Language Bible
In The King James Version
In Context
11ဆိုးညစ်သူတို့သည်ငါအဘယ်အခါမျှ မကူးလွန်သည့်ပြစ်မှုများနှင့်ငါ့အား စွပ်စွဲကြ၏။
Cross References
2 Samuel 22:18ကိုယ်တော်သည်တန်ခိုးကြီးသောရန်သူ ငါ့ကိုမုန်းသောသူအပေါင်းတို့၏လက်မှ ငါ့ကိုကယ်တော်မူ၏။ သူတို့သည်ငါပြိုင်၍မရနိုင်အောင်ခွန်အား ကြီးပါ၏။
Job 33:19လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊
Psalms 18:17ကိုယ်တော်သည်ငါပြိုင်၍မရနိုင်သည့် အင်အားကြီးသောရန်သူများ၏လက်မှ လည်းကောင်း၊ ငါ့ကိုမုန်းသောသူအပေါင်းတို့လက်မှလည်းကောင်း ငါ့ကိုကယ်တော်မူ၏။
Psalms 22:24ကိုယ်တော်သည်ဆင်းရဲသူတို့အားပစ်ထား တော်မမူပါ။ သူတို့၏ဆင်းရဲဒုက္ခများကိုလည်း လျစ်လူရှုတော်မမူပါ။ ကိုယ်တော်သည်သူတို့ကိုမျက်နှာတော်လွှဲ တော်မမူပါ။ ကူမတော်မူရန်သူတို့အော်ဟစ် တောင်းလျှောက်သည်ကိုနားညောင်းတော်မူပါ၏။
Psalms 34:6ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါ ကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
Psalms 37:14သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အား သတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်း ဋ္ဌားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။