Psalms 35:9
ထိုအခါငါသည်ထာဝရဘုရားကိုအမှီ ပြု၍ ဝမ်းမြောက်လိမ့်မည်။ ကိုယ်တော်သည်ငါ့ကိုကယ်တော်မူသဖြင့် ငါသည်ရွှင်လန်းလိမ့်မည်။
Common Language Bible
In The King James Version
And my soul shall be joyful in the LORD: it shall rejoice in his salvation.
In Context
Cross References
1 Samuel 2:1ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။
Psalms 9:15ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
Psalms 21:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
Psalms 48:11ဇိအုန်မြို့သူမြို့သားတို့သည်ဝမ်းမြောက် ကြပါစေ။ ကိုယ်တော်သည်ဖြောင့်မှန်စွာတရားစီရင် တော်မူပါ၏။ ယုဒပြည်မြို့ကြီးများတွင်ရွှင်လန်းမှုရှိ ပါစေ။
Psalms 68:1ဘုရားသခင်သည်ထတော်မူ၍ကိုယ်တော်၏ ရန်သူများကိုကွဲလွင့်စေတော်မူ၏။ ကိုယ်တော်ကိုမုန်းသောသူတို့သည်အရေးနိမ့်၍ ထွက်ပြေးကြ၏။
Isaiah 61:10ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။