Psalms 35:25
``ငါတို့အလိုဆန္ဒပြည့်ပြီ၊သူ့ကိုငါတို့ အနိုင်ရပြီ'' ဟူ၍သူတို့ပြောဆိုနိုင်ခွင့်ကို ပေးတော်မမူပါနှင့်။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 20:19ကျွန်မတို့၏မြို့သည်ကြီးမြတ်သည့်မြို့၊ ဣသရေလပြည်တွင်ငြိမ်းချမ်းမှုကိုအလို လားဆုံး၊ သစ္စာအရှိဆုံးမြို့တစ်မြို့ဖြစ်ပါ၏။ အရှင်သည်ဤမြို့ကိုဖျက်ဆီးရန်အဘယ် ကြောင့်ကြိုးစားနေပါသနည်း။ ဘုရားသခင် ပိုင်တော်မူသောအရာကိုအရှင်ပျက်စီးစေ လိုတော်မူပါသလော'' ဟုမေး၏။
Psalms 27:12လိမ်လည်ခြိမ်းခြောက်သည့်ရန်သူများ၏လက်တွင် ကျွန်တော်မျိုးကိုစွန့်ပစ်၍ထားတော်မမူပါနှင့်။
Psalms 56:1အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။ ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။
Psalms 70:3ကျွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်သည့်အတွက် အလွန်ကြောက်လန့်ကြပါစေသော။
Psalms 124:3သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
Lamentations 2:16သင်၏ရန်သူအပေါင်းတို့သည် သင့်ကိုပြောင်လှောင်ကြလျက်မုန်းစိတ်နှင့် စိုက်၍ကြည့်ကြ၏။ သူတို့သည်မဲ့ရွဲ့ကာနှာခေါင်းရှုံ့လျက်``သူ့ကို ငါတို့သုတ်သင်ဖျက်ဆီးလိုက်ကြလေပြီ။ ဤနေ့ကားငါတို့စောင့်မျှော်နေခဲ့သည့်နေ့ပေ တည်း'' ဟုဆိုကြ၏။