Psalms 36:10
ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။ သူတော်ကောင်းတို့အားဆက်လက်၍ ကျေးဇူးပြုတော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
Psalms 9:10အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။
Psalms 94:14ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
Psalms 103:17သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
Isaiah 2:5ယာကုပ်၏သားမြေးတို့၊ ယခုငါတို့သည် ထာဝရဘုရားပေးတော်မူသောအလင်း ၌ကျင်လည်ကြကုန်အံ့။
Jeremiah 22:16သူသည်ဆင်းရဲချို့တဲ့သူတို့၏အမှုကိုတရား မျှတစွာစီရင်ဆုံးဖြတ်သည်ဖြစ်၍ အစစအရာရာအဆင်ပြေလျက်ရှိ၏။ ဤကားထာဝရဘုရားကိုသိကျွမ်းရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်လေသည်။
Jeremiah 31:3ငါသည်သူတို့ထံသို့ရပ်ဝေးမှကြွရောက် လာခဲ့ပေသည်။ အို ဣသရေလပြည်သားတို့၊ ငါသည်သင်တို့ကိုထာဝစဉ်ချစ်တော်မူ သည်ဖြစ်၍ မိမိ၏ခိုင်မြဲသောမေတ္တာတော် ကိုဆက်လက်၍ပြခဲ့၏။-