Psalms 37:31
သူသည်မိမိဘုရား၏တရားတော်ကို နှလုံးသွင်း၍ထား၏။ အဘယ်အခါ၌မျှထိုတရားတော်မှ သွေဖည်၍မသွားပေ။
Common Language Bible
In The King James Version
The law of his God is in his heart; none of his steps shall slide.
In Context
32သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
Cross References
Deuteronomy 11:18``ဤပညတ်တော်များကိုအစဉ်သတိရ၍ မြတ်နိုးလော့။ ယင်းတို့ကိုသတိရစေရန် သင်တို့၏လက်တွင်လည်းကောင်း၊ နဖူးပေါ် တွင်လည်းကောင်းချည်ထားလော့။-
Psalms 1:2သူတို့သည်ထာဝရဘုရား၏တရားတော်ကိုလိုက်လျှောက်၍ နေ့ညမပြတ်လေ့လာဆင်ခြင်မှုဖြင့်ပျော်မွေ့တတ်ကြ၏။
Psalms 37:23ထာဝရဘုရားသည်လူတို့လိုက်လျှောက်အပ်သည့် လမ်းကိုပြညွှန်တော်မူ၏။ ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။
Psalms 40:8ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏အလိုတော်ကိုလိုက်နာရန် လွန်စွာနှစ်သက်ပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုစိတ်နှလုံး အတွင်း၌ မှတ်ကြုံးထားပါ၏။''
Psalms 44:18ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား သစ္စာမဖောက်ခဲ့ကြပါ။ ကိုယ်တော်၏အမိန့်တော်များကိုမလွန်ဆန်ခဲ့ ကြပါ။
Psalms 119:11ကိုယ်တော်ရှင်အားမပြစ်မှားစေရန် ကွန်တော်မျိုးသည်မိမိ၏စိတ်နှလုံးထဲတွင် ကိုယ်တော်ရှင်၏တရားတော်ကိုသိုထားပါ၏။