Psalms 37:32
သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
Common Language Bible
In The King James Version
The wicked watcheth the righteous, and seeketh to slay him.
In Context
Cross References
1 Samuel 19:10ရှောလုသည်မိမိ၏လှံတံတော်ဖြင့်ဒါဝိဒ် အားနံရံတွင်ကပ်၍နေအောင်ထိုးလိုက် သော်လည်း ဒါဝိဒ်ရှောင်တိမ်းလိုက်သဖြင့် လှံတံသည်နံရံတွင်စိုက်လျက်နေ၏။ ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွားလေသည်။
2 Kings 6:13မင်းကြီးက``ထိုသူအဘယ်မှာရှိသည်ကို စုံစမ်းကြလော့။ သူ့အားငါဖမ်းဆီးမည်'' ဟုမိန့်တော်မူ၏။ မင်းကြီးသည်ဒေါသန်မြို့တွင်ဧလိရှဲရှိနေ ကြောင်း ကြားသိတော်မူသောအခါ-
Psalms 37:12သူယုတ်မာသည်သူတော်ကောင်းအား မကောင်းကြံလျက်မုန်းစိတ်နှင့်စူးစူးဝါးဝါး ကြည့်တတ်၏။
Proverbs 24:15အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
Jeremiah 18:23သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး အားသတ်ဖြတ်ရန် ရန်သူတို့ပြုသည့်လျှို့ဝှက် သောအကြံအစည်များကိုကိုယ်တော်ရှင် သိတော်မူပါ၏။ သူတို့၏ဆိုးညစ်မှုကို ခွင့်လွှတ်တော်မမူပါနှင့်။ သူတို့အားမိမိ တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါနှင့်။ သူတို့အားအရေးရှုံး နိမ့်စေတော်မူပါ။ အမျက်တော်ထွက်ချိန်၌ သူတို့အားဆုံးမစီရင်တော်မူပါ'' ဟု လျှောက်၏။
Daniel 6:5သူတို့က``ငါတို့သည်ဒံယေလအား သူ ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်သော ကိစ္စမှတစ်ပါး အခြားအဘယ်အမှုတွင် မျှပြစ်တင်စွပ်စွဲစရာတွေ့နိုင်မည်မဟုတ်'' ဟုအချင်းချင်းပြောဆိုကြ၏။