Psalms 9:3
ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။ သူတို့သည်လဲကျသေဆုံးကြပါ၏။
Common Language Bible
In The King James Version
When mine enemies are turned back, they shall fall and perish at thy presence.
In Context
Cross References
Psalms 68:1ဘုရားသခင်သည်ထတော်မူ၍ကိုယ်တော်၏ ရန်သူများကိုကွဲလွင့်စေတော်မူ၏။ ကိုယ်တော်ကိုမုန်းသောသူတို့သည်အရေးနိမ့်၍ ထွက်ပြေးကြ၏။
Psalms 80:16ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။
Psalms 92:2ချိုသာနာပျော်ဖွယ်သောစောင်းသံနှင့်တကွ ကြိုးတပ်တူရိယာသံတို့ဖြင့် နံနက်တိုင်းကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုဖော်ကူး၍ ညဥ့်တိုင်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာရခြင်းသည်လည်းကောင်း လျောက်ပတ်လှပါ၏။
2 Thessalonians 1:9ကိုယ်တော်သည်မိမိလူစုတော်အားဖြင့် ဘုန်းအသရေကိုလည်းကောင်း၊ ယုံကြည်သူ အပေါင်းတို့၏ကြည်ညိုလေးစားခြင်းကို လည်းကောင်းခံယူရန်တရားစီရင်တော်မူ ရာနေ့၌ကြွလာတော်မူသောအခါ ထိုသူ တို့ခံရမည့်အပြစ်ဒဏ်မှာထာဝရဆုံးရှုံး ပျက်စီးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ ကိုယ် တော်၏ကြီးမြတ်သည့်ဘုန်းအသရေတော် မှလည်းကောင်းပယ်ခြင်းပင်ဖြစ်သည်။ သင် တို့သည်ငါတို့ဟောပြောသက်သေခံသည် ကိုယုံကြည်သည်ဖြစ်၍ကိုယ်တော်ကိုဂုဏ် ပြုချီးကူးသည့်လူစုတွင်ပါဝင်ကြလိမ့် မည်။
Revelation 20:11ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-