Psalms 41:5
ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။ သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍ သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
Common Language Bible
In The King James Version
Mine enemies speak evil of me, When shall he die, and his name perish?
In Context
Cross References
Job 18:17မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
Psalms 22:6သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
Psalms 51:3ကျွန်တော်မျိုးသည်မိမိ၏အမှားများကို ဝန်ချပါ၏။ မိမိ၏အပြစ်များကိုအစဉ်ပင်သတိရပါ၏။
Psalms 56:2ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။
Psalms 67:2သို့မှသာလျှင်ကမ္ဘာသူကမ္ဘာသားအပေါင်း တို့သည် ကိုယ်တော်ရှင်၏အလိုတော်ကိုသိရှိကြပါလိမ့်မည်။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကိုသိကြပါ လိမ့်မည်။
Psalms 86:16ကျွန်တော်မျိုးထံကြွတော်မူ၍ကျွန်တော်မျိုး အား သနားတော်မူပါ။ ကျွန်တော်မျိုးသည်မိမိ၏မိခင်နည်းတူ ကိုယ်တော်ရှင်၏အစေကိုခံပါသဖြင့် ကျွန်တော်မျိုးအားခွန်အားစွမ်းရည်ကို ပေးတော်မူပြီးလျှင်ကယ်တော်မူပါ။