Psalms 86:16
ကျွန်တော်မျိုးထံကြွတော်မူ၍ကျွန်တော်မျိုး အား သနားတော်မူပါ။ ကျွန်တော်မျိုးသည်မိမိ၏မိခင်နည်းတူ ကိုယ်တော်ရှင်၏အစေကိုခံပါသဖြင့် ကျွန်တော်မျိုးအားခွန်အားစွမ်းရည်ကို ပေးတော်မူပြီးလျှင်ကယ်တော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
Psalms 28:7ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ရှောက်တော်မူ၏။ ငါသည်ကိုယ်တော်အားကိုးစား၏။ ကိုယ်တော်သည်ငါ့အားကူမတော်မူသဖြင့် ငါသည်ဝမ်းမြောက်လျက်ကိုယ်တော်အား ထောမနာသီချင်းများကိုဆို၏။
Psalms 69:16အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းမြတ်သည်ဖြစ်၍ကျွန်တော်မျိုး၏ ပန်ကြားခြင်းကိုနားညောင်းတော်မူပါ။ ကိုယ်တော်ရှင်သည်လွန်စွာသနားကြင်နာ တော်မူတတ်သည်ဖြစ်၍ ကျွန်တော်မျိုးအားလှည့်၍ကြည့်တော်မူပါ။
Psalms 90:13အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကြာအောင် အမျက်တော်မပြေဘဲနေတော်မူပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့အားသနား တော်မူပါ။
Psalms 119:94ကိုယ်တော်ရှင်သည်ကွန်တော်မျိုးကိုပိုင်တော် မူပါ၏။ သို့ဖြစ်၍ကယ်တော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ဥပဒေသ တော် တို့ကိုကြိုးစား၍စောင့်ထိန်းပါ၏။
Psalms 138:3ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
Isaiah 45:24``သူတို့သည်ငါ့အားဖြင့်သာလျှင်အောင်မြင်မှုနှင့် ခွန်အားစွမ်းရည်ကိုရရှိကြောင်းပြောဆိုကြ လိမ့်မည်။ သို့ရာတွင်ငါ့ကိုမုန်းသောသူအပေါင်းသည် အသရေပျက်ကြလိမ့်မည်။