Psalms 44:15
ရန်သူများနှင့်လက်စားချေသူတို့မခိုးမခန့် စော်ကားပြောဆိုကြသည့်စကားများကြောင့် ကျွန်တော်မျိုးသည်အစဉ်အမြဲအသရေ ပျက်၍ အရှက်ကွဲလျက်နေပါ၏။
Common Language Bible
In The King James Version
My confusion is continually before me, and the shame of my face hath covered me,
In Context
Cross References
1 Kings 9:7ငါသည်ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အား ငါပေးထားသည့်ပြည်မှဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရန်အတွက်သီး သန့်ထားသည့်ဤဗိမာန်တော်ကိုလည်းငါစွန့် မည်။ ထိုအခါအရပ်တကာရှိလူတို့သည် ဣသရေလအမျိုးကိုကဲ့ရဲ့ပြောင်လှောင် ကြလိမ့်မည်။-
Ezra 9:6ငါက``အို ဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော် ၏ရှေ့တော်၌ ခေါင်းမမော်ဝံ့အောင်ပင်ရှက်ပါ၏။ အကျွန်ုပ်တို့၏အပြစ်များသည် အကျွန်ုပ်တို့ ဦးခေါင်းကိုလွှမ်းမိုးသည့်တိုင်အောင်များပြား ပါ၏။ ထိုအပြစ်များသည် မိုးကောင်းကင် အထိမြင့်မားကြီးလေးပါ၏။-
Psalms 69:7ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အတွက် စော်ကားခြင်းကိုခံရပါ၏။ အလွန်အရှက်ကွဲရပါ၏။
Psalms 89:45ကိုယ်တော်ရှင်သည်သူ့အားအချိန်မကျမီ အိုစေတော်မူ၍အရှက်တကွဲဖြစ်စေတော်မူပါပြီ။
Jeremiah 51:51သင်တို့က`ငါတို့သည်အသရေပျက်၍ အရှက်ကွဲရကြလေပြီ။ ဗိမာန်တော်မှ သန့်ရှင်းရာဌာနတော်တို့ကိုလူမျိုးခြား များသိမ်းပိုက်လိုက်ကြပြီဖြစ်၍ ငါတို့ သည်ခိုကိုးရာမဲ့ကြရပါ၏' ဟုဆို ကြ၏။-