Psalms 44:22
သို့ရာတွင်ကိုယ်တော်ရှင်အားသစ္စာစောင့်သည့် အတွက်ကြောင့် ကျွန်တော်မျိုးတို့သည်အခါခပ်သိမ်းသေ ဘေးနှင့် ကြုံရကြပါ၏။ သတ်ရန်လျာထားသောသိုးများကဲ့သို့သူတစ်ပါးတို့ မှတ်ယူခြင်းကိုခံရကြပါ၏။
Common Language Bible
In The King James Version
Yea, for thy sake are we killed all the day long; we are counted as sheep for the slaughter.
In Context
Cross References
Joshua 22:22``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-
1 Kings 19:10ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။
Psalms 79:2သူတို့သည်ကိုယ်တော်ရှင့်လူစုတော်၏ အလောင်းများကိုငှက်စာဖြစ်စေရန်လည်းကောင်း၊ ကိုယ်တော်ရှင့်အစေခံတို့၏အလောင်းများကို သားရဲတိရစ္ဆာန်စာဖြစ်စေရန်လည်းကောင်း ပစ်ထားကြပါပြီ။
Psalms 139:2ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။ အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
Jeremiah 17:10``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။
John 15:21သို့ရာတွင်ထိုသူတို့သည်ငါ့ကိုစေလွှတ်တော် မူသောအရှင်ကိုမသိကြသဖြင့် ငါ၏နာမ အတွက်ကြောင့်သင်တို့ကိုညှဉ်းပန်းကြလိမ့် မည်။-