Psalms 50:12
``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။
Common Language Bible
In The King James Version
If I were hungry, I would not tell thee: for the world is mine, and the fulness thereof.
In Context
11တောငှက်အပေါင်းနှင့်ကွင်းပြင်များမှသက်ရှိ သတ္တဝါအပေါင်းတို့ကိုလည်းငါပိုင်၏။
13ငါသည်အမဲသားကိုစားပါသလော။ ဆိတ်သွေးကိုသောက်ပါသလော။
Cross References
Genesis 1:28သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
Exodus 19:5သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
Job 41:11ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြုဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည် ငါ၏ ဥစ္စာဖြစ်ကြ၏။
Psalms 104:24အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့်ထိုအရာအပေါင်းတို့ကို ဖန်ဆင်းတော်မူပါ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသောသတ္တဝါများနှင့် ပြည့်လျက်ရှိပါ၏။
Psalms 145:15သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။