Psalms 83:1
အို ဘုရားသခင်၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ငြိမ်သက်စွာနေတော်မမူပါနှင့်။ ဆိတ်ငြိမ်စွာနေတော်မမူပါနှင့်။
Common Language Bible
In The King James Version
Keep not thou silence, O God: hold not thy peace, and be not still, O God.
In Context
Cross References
Psalms 28:1ကျွန်တော်မျိုး၏ကွယ်ကာရာအရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ထံတော်သို့ကျွန်တော်မျိုး ဟစ်ခေါ်ပါ၏။ ထူးတော်မူပါ။ ကိုယ်တော်ရှင်ထူးတော်မမူပါလျှင် ကျွန်တော်မျိုးသည်သေရွာသွားရပါလိမ့်မည်။
Psalms 44:23အို ထာဝရဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
Psalms 50:3ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
Isaiah 42:14ဘုရားသခင်က ``ငါသည်ကာလကြာမြင့်စွာဆိတ်ဆိတ်နေခဲ့၏။ ငါ၏လူမျိုးတော်အားအဖြေမပေးခဲ့။ သို့ရာတွင်ယခုအရေးယူဆောင်ရွက်ရန် အချိန်ကျရောက်လာလေပြီ။ ငါသည်သားဖွားသောဝေဒနာကိုခံရသူ အမျိုးသမီးကဲ့သို့အော်ဟစ်ပါ၏။