The Bible Software
bible.software › Psalms › Psalms 50 › Psalms 50:7

Psalms 50:7

ကိုယ်​တော်​က``ငါ​၏​လူ​စု​တော်​ဝင်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​မိန့်​မြွက်​တော်​မူ​မည်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ငါ​သည်​သင်​တို့​ကို ဝေ​ဖန်​ပြစ်​တင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား၊​သင်​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏။

Common Language Bible

In The King James Version

Hear, O my people, and I will speak; O Israel, and I will testify against thee: I am God, even thy God.

In Context

6ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​တ​ရား​သူ​ကြီး​ဖြစ်​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ကို မိုး​ကောင်း​ကင်​သည်​ကြေ​ညာ​၏။

8သင်​တို့​သည်​ငါ့​အား​ယဇ်​နှင့်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​အ​စဉ်​ဆက်​သည့်​အ​တွက် ငါ​သည်​သင်​တို့​အား​ဝေ​ဖန်​ပြစ်​တင်​မှု​မ​ပြု​လို။

Read all of Psalms 50

Cross References

Exodus 19:5သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-

Deuteronomy 26:17ထာ​ဝ​ရ​ဘု​ရား​သည် သင်​၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု​ယ​နေ့​သင်​ဝန်​ခံ​ပြီ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင် ရန်​လည်း​ကောင်း၊ ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ရန်​လည်း​ကောင်း၊ မိန့်​မှာ​တော်​မူ သ​မျှ​ကို​လိုက်​နာ​ရန်​လည်း​ကောင်း​က​တိ ပေး​ခဲ့​ပြီ။-

1 Samuel 12:22ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-

2 Kings 17:13ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စေ​တ​မန်​များ နှင့်​ပ​ရော​ဖက်​တို့​ကို​စေ​လွှတ်​၍ ဣသ​ရေ​လ အ​မျိုး​သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ကို​သ​တိ​ပေး​တော်​မူ​၏။ ကိုယ်​တော်​က``သင်​တို့ သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့်​တို့​ကို ရှောင်​ရှား​ကြ​လော့။ သင်​တို့​ဘိုး​ဘေး​များ​နှင့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​အား၊ ငါ​ပေး​အပ်​သည့်​ပ​ညတ်​တော် တွင်​ပါ​ရှိ​သော​ငါ​၏​အ​မိန့်​တော်​ကို​နာ​ခံ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

Nehemiah 9:29ကိုယ်​တော်​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ရန်​သူ​တို့​အား​သ​တိ​ပေး​တော်​မူ​ပါ​၏။ ပ​ညတ်​တ​ရား​တော်​ကို​စောင့်​ထိန်း​မှု​မှာ​မိ​မိ​တို့​၏ အ​သက်​ရှင်​ရာ​လမ်း​ပင်​ဖြစ်​သော်​လည်း သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​ကိုယ်​တော်​၏ တ​ရား​တော်​တို့​ကို​ပစ်​ပယ်​ကြ​ပါ​၏။ သူ​တို့​သည်​လွန်​စွာ​ခေါင်း​မာ​လျက်​စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​၏။

Psalms 81:8ငါ​၏​လူ​စု​တော်​တို့၊ငါ​သ​တိ​ပေး​သည်​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်​ငါ့ စ​ကား​ကို နား​ထောင်​ကြ​လော့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 50:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 50:6Psalms 50Psalms 50:8 →