Psalms 51:2
ကျွန်တော်မျိုး၏ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြောတော်မူ၍ ကျွန်တော်မျိုးအားအပြစ်မှသန့်စင်စေ တော်မူပါ။
Common Language Bible
In The King James Version
Wash me throughly from mine iniquity, and cleanse me from my sin.
In Context
Cross References
2 Samuel 11:4မင်းကြီးသည်လူလွှတ်၍ထိုအမျိုးသမီး အားခေါ်စေပြီးလျှင်သူနှင့်ချစ်တင်းနှီးနှော တော်မူ၏။ (ဗာသရှေဘသည်မိန်းမတို့ဋ္ဌမ္မ တာရာသီပန်းပွင့်မှုကိုသန့်စင်ပြီးစအချိန် ဖြစ်သတည်း) ထိုနောက်ဗာသရှေဘသည် အိမ်သို့ပြန်၏။-
Psalms 19:12အဘယ်သူမျှမိမိ၏အမှားအယွင်းများကို မမြင်နိုင်ပါ။ အို ထာဝရဘုရား၊ မထင်ရှားသည့်အပြစ်များနှင့်ကျွန်တော်မျိုးအား ကင်းစင်စေတော်မူပါ။
Isaiah 1:16သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
Ezekiel 36:25ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
John 13:9ပေတရုက ``သခင်၊ အကျွန်ုပ်၏ခြေကို သာမကလက်နှင့်ဦးခေါင်းကိုလည်းဆေး တော်မူပါ'' ဟုလျှောက်၏။
1 Corinthians 6:11ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။