Psalms 51:1
အို ဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့်အညီ ကျွန်တော်မျိုးအားသနားတော်မူပါ။ လွန်စွာသနားကြင်နာတော်မူတတ်သည် နှင့်အညီ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
Exodus 34:6ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
2 Samuel 11:2တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။-
Psalms 4:1အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
Psalms 25:6အို ထာဝရဘုရား၊ ရှေးကာလမှစ၍ကိုယ်တော်ရှင်ပြတော် မူသည့် ကရုဏာတော်နှင့်ခိုင်မြဲသောမေတ္တာတော် တို့ကို အောက်မေ့သတိရတော်မူပါ။
Psalms 51:9ကျွန်တော်မျိုး၏အပြစ်များမှမျက်နှာလွှဲ၍ ကျွန်တော်မျိုး၏ဒုစရိုက်ရှိသမျှကိုလည်း ပပျောက်စေတော်မူပါ။
Psalms 69:16အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းမြတ်သည်ဖြစ်၍ကျွန်တော်မျိုး၏ ပန်ကြားခြင်းကိုနားညောင်းတော်မူပါ။ ကိုယ်တော်ရှင်သည်လွန်စွာသနားကြင်နာ တော်မူတတ်သည်ဖြစ်၍ ကျွန်တော်မျိုးအားလှည့်၍ကြည့်တော်မူပါ။