Psalms 51:6
ကိုယ်တော်ရှင်သည်သစ္စာတရားကို နှစ်သက်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး စိတ်နှလုံးကိုဉာဏ်ပညာဖြင့်ပြည့်ဝစေ တော်မူ၏။
Common Language Bible
In The King James Version
In Context
5ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။
Cross References
Genesis 20:5အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။
2 Samuel 12:13ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
1 Chronicles 29:17ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
Job 32:8သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏။
Psalms 5:9ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။ သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။ သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။
Psalms 26:2အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားစမ်းသပ်စစ်ဆေးတော်မူပါ။ ကျွန်တော်မျိုး၏အလိုဆန္ဒများနှင့်စိတ်နှလုံး အကြံအစည်များကိုစစ်ကြောတော်မူပါ။