Psalms 52:8
ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။ ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။
Common Language Bible
In The King James Version
But I am like a green olive tree in the house of God: I trust in the mercy of God for ever and ever.
In Context
Cross References
Psalms 1:3ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
Psalms 33:18ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
Psalms 92:12သူတော်ကောင်းတို့သည်စွန်ပလွံပင်များကဲ့သို့ စိမ်းလန်းစိုပြေလျက်ရှိလိမ့်မည်။ သူတို့သည်လေဗနုန်တောင်မှအာရဇ်ပင်များ ကဲ့သို့ ကြီးပွားတိုးတက်ကြလိမ့်မည်။
Psalms 147:11သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
Hosea 14:6သူတို့သည်အဖူးအညွှန့်တို့ဖြင့်ဝေဆာ၍၊ သံလွင်ပင်ကဲ့သို့လှပတင့်တယ်လိမ့်မည်။ လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ အနံ့သင်းကြိုင်လိမ့်မည်။