Psalms 53:1
လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်တတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်သောအမှုတို့ကိုပြုကြလေပြီ။ မှန်ရာကိုပြုကျင့်သူတစ်ယောက်မျှမရှိ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 6:11အခြားသောသူအပေါင်းတို့သည်ကားဘုရားသခင်ရှေ့တော်၌ဆိုးယုတ်သူများဖြစ်ကြ၏။ သူတို့၏အကြမ်းဖက်မှုသည်အရပ်ရပ်သို့ ကူးစက်ပျံ့နှံ့လျက်ရှိ၏။-
Deuteronomy 12:31သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-
1 Kings 14:24အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
Job 15:16သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။
Psalms 10:6``ငါသည်အဘယ်အခါမျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။ အဘယ်အခါမျှဒုက္ခရောက်ရလိမ့်မည် မဟုတ်'' ဟု တစ်ကိုယ်တည်းပြောဆိုနေတတ်၏။
Psalms 10:13သူယုတ်မာသည်အဘယ်သို့လျှင်ထာဝရဘုရားကို မထီမဲ့မြင်ပြု၍ ``ကိုယ်တော်သည်ငါ့ကိုအပြစ်ဒဏ်ပေးတော်မူမည် မဟုတ်'' ဟု တစ်ကိုယ်တည်းပြောဆိုနိုင်ပါသနည်း။