Psalms 53:5
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:36``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
1 Samuel 14:15စစ်မြေပြင်တွင်ရှိသမျှသောဖိလိတ္တိ အမျိုးသားတို့သည်ကြောက်လန့်ကြကုန်၏။ တိုက်ကင်းထွက်လာကြသူများနှင့်တပ် စခန်းရှိစစ်သည်တပ်သားတို့သည် ထိတ် လန့်တုန်လှုပ်ကြကုန်၏။ မြေကြီးပင်လျှင် တုန်လှုပ်ကာရန်သူတို့သည်ကစဥ့်ကရဲ ပြေးကြကုန်၏။
Job 15:21သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
Psalms 14:5သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
Psalms 35:26ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည် မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။ မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟု ပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
Psalms 73:20အို ထာဝရဘုရား၊ သူတို့သည်နံနက်ချိန်၌ပျောက်ကွယ် သွားသည့် အိပ်မက်နှင့်တူပါ၏။ ကိုယ်တော်ရှင်နိုးထတော်မူသောအခါသူတို့သည် ပျောက်ကွယ်သွားကြပါ၏။