Psalms 57:6
ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 14:21ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊-
1 Chronicles 29:10ဒါဝိဒ်သည်ထိုအရပ်ရှိလူစုတစ်ရပ်လုံး၏ရှေ့ တွင်ထာဝရဘုရားအားထောမနာပြုတော် မူ၏။ မင်းကြီးက``ကျွန်တော်မျိုးတို့၏ဘိုးဘေး ယာကုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်ရှင်သည်ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော် မူပါစေသတည်း။-
Psalms 7:15သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍ မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
Psalms 9:15ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
Psalms 42:6ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်သည်ဟေရမုန်တောင်နှင့် မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
Psalms 140:5မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။