Psalms 58:11
လူတို့က``သူတော်ကောင်းတို့သည်ဧကန်အမှန်ပင် ကောင်းကျိုးချမ်းသာခံစားကြရ၏။ ကမ္ဘာလောကကိုတရားစီရင်တော်မူသောဘုရား ဧကန်အမှန်ရှိတော်မူပေသည်'' ဟုဆိုကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 9:8လောကကိုတရားသဖြင့်အုပ်စိုးတော်မူ၍ လူမျိုးအပေါင်းတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၏။
Psalms 18:20ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။
Psalms 52:8ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။ ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။
Psalms 67:4ကိုယ်တော်ရှင်သည်လူတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၍ လူမျိုးတကာတို့အားလမ်းပြပို့ဆောင်တော် မူသဖြင့် သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
Psalms 73:13သို့ဖြစ်၍ငါသည်မိမိစိတ်နှလုံးကို ဖြူစင်သန့်ရှင်းစေလျက်အပြစ်မပြုဘဲနေ သည်မှာ အချည်းနှီးပေလော။
Psalms 94:2ကိုယ်တော်ရှင်သည်လူအပေါင်းတို့အား တရားစီရင်တော်မူသောအရှင်ဖြစ်တော် မူပါ၏။ ထတော်မူ၍မာနကြီးသူတို့အားထိုက်လျောက်သည့် အပြစ်ဒဏ်ကိုပေးတော်မူပါ။