Psalms 58:2
သင်တို့ကားယင်းသို့မပြု၊မိမိတို့ပြုမည့် ဒုစရိုက်ကိုသာလျှင်စဉ်းစားကြံစည်လျက် တိုင်းပြည်တွင်အဋ္ဌမ္မအကြမ်းဖက်မှုကို ကူးလွန်ကြ၏။
Common Language Bible
In The King James Version
Yea, in heart ye work wickedness; ye weigh the violence of your hands in the earth.
In Context
Cross References
Psalms 21:11သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
Psalms 94:20ကိုယ်တော်ရှင်သည်မတရားသောအမှုကို တရားဝင်ဖြစ်အောင်ပြုလုပ်တတ်သည့် အဂတိလိုက်စားသူတရားသူကြီးများနှင့် မည်သို့မျှမသက်ဆိုင်ပါ။
Isaiah 10:1သင်တို့သည်အမင်္ဂလာရှိကြ၏။ ငါ၏လူမျိုး တော်အားနှိပ်စက်ညှင်းဆဲရန်မတရားသည့် ဥပဒေများကိုထုတ်ကြ၏။-
Isaiah 59:4သင်တို့သည်တရားရုံးတော်သို့သွားသော် လည်း တရားမျှတမှုမရှိ၊ တရားသည့် ဘက်၌မနေကြ။ မိမိတို့အမှုနိုင်ရန် အတွက်မုသားစကားပြောဆိုလျက် အကြောင်းမဲ့ငြင်းခုံတတ်ကြ၏။
Ezekiel 22:12သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
Micah 3:1ဣသရေလအမျိုးသားခေါင်းဆောင်တို့၊ နားထောင်ကြလော့။ သင်တို့သည်တရား သဖြင့်စီရင်ရသူများဖြစ်သော်လည်း၊-