Psalms 59:16
ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်၏ တန်ခိုးတော် အကြောင်းသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို နံနက်တိုင်းရွှင်လန်းစွာသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ရဲတိုက်၊ ဒုက္ခရောက်ချိန်၌ကျွန်တော်မျိုးခိုကိုးရာ ဖြစ်တော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 17:37ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။ ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊-
2 Samuel 22:3ငါ၏ဘုရားသခင်သည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူသဖြင့် ငါသည်ဘေးမဲ့လုံခြုံမှုရှိပါ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ ငါ့အားဘေးမဲ့လုံခြုံစွာထားတော်မူ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါ့ကိုကွယ်ကာ၍အကြမ်းဖက်မှုမှကယ်တော် မူ၏။
Job 37:23အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
Psalms 5:3ကိုယ်တော်သည်နံနက်ချိန်၌ကျွန်တော်မျိုး၏ ပတ္ထနာသံကိုကြားပါ၏။ နေထွက်ချိန်၌ကျွန်တော်မျိုးဆုတောင်း၍ ကိုယ်တော်၏အဖြေကိုစောင့်မျှော်ပါ၏။
Psalms 30:5ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူ မိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။
Psalms 36:5အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ သစ္စာတော်သည်မိုးတိမ်အထက်သို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။