Psalms 60:7
ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည်ငါ၏မကိုဋ်ဖြစ်၍ ယုဒပြည်ကားငါ၏ရာဇလှံတံဖြစ်၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 49:10ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
Joshua 13:31ဂိလဒ်ပြည်တစ်ဝက်နှင့်သြဃမင်းအစိုးရ သောဗာရှန်ပြည်၏မြို့တော်များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့များလည်း ပါဝင်သည်။ အထက်ဖော်ပြပါနယ်မြေသည် မနာရှေ၏သားမာခိရ၏မိသားစုတစ် ဝက်တို့အတွက်ဝေစုဖြစ်သည်။
Joshua 17:5သို့ဖြစ်၍မနာရှေအနွယ်သည်ယော်ဒန်မြစ် အရှေ့ဘက်တွင် ဂိလဒ်နယ်နှင့်ဗာရှန်နယ် များအပြင်ဝေစုဆယ်စုကိုရရှိလေသည်။
1 Chronicles 12:19ဒါဝိဒ်သည်ဖိလိတ္တိအမျိုးသားများနှင့် အတူ ရှောလုမင်းကိုတိုက်ရန်စစ်ချီသွား သောအခါ မနာရှေအနွယ်ဝင်စစ်သူရဲ အချို့တို့သည် ဒါဝိဒ်ဘက်သို့ဝင်ရောက်လာ ကြ၏။ ဖိလိတ္တိအမျိုးသားခေါင်းဆောင်တို့ ကဒါဝိဒ်သည် မိမိ၏အရှင်ဟောင်းရှောလု ဘက်သို့ပါ၍သူတို့ကိုသစ္စာဖောက်လိမ့်မည် ဟုစိုးရိမ်သဖြင့် သူ့အားဇိကလတ်မြို့သို့ ပြန်လွှတ်လိုက်ကြ၏။ ထို့ကြောင့်ဒါဝိဒ်သည် စင်စစ်အားဖြင့် ဖိလိတ္တိအမျိုးသားတို့ ဘက်မှကူ၍စစ်မတိုက်ခဲ့ရပေ။-
Psalms 108:7ဗိမာန်တော်တွင်ဘုရားသခင်က ``ငါသည်အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်း ခြားမည်။ သုကုတ်ချိုင့်ဝှမ်းကိုလည်းငါ၏လူစုတော် အား ခွဲဝေပေးမည်။