Psalms 60:8
သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးခွက်အဖြစ်ဖြင့်လည်းကောင်း၊ ဧဒုံပြည်ကိုငါ၏ဖိနပ်ချွတ်အဖြစ်ဖြင့် လည်းကောင်း အသုံးပြုမည်။ ဖိလိတ္တိပြည်သည်ငါ့ကိုအနိုင်ရ၍အောင်သံ ဖြင့် ကြွေးကြော်နိုင်မည်ဟုထင်မှတ်သလော'' ဟု မိန့်တော်မူ၏။
Common Language Bible
In The King James Version
Moab is my washpot; over Edom will I cast out my shoe: Philistia, triumph thou because of me.
In Context
Cross References
Genesis 27:40သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။ သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊ သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
2 Samuel 5:17ဒါဝိဒ်သည်ဣသရေလဘုရင်အဖြစ်ချီး မြှောက်ခြင်းကိုခံရကြောင်းဖိလိတ္တိအမျိုး သားတို့ကြားသိကြသဖြင့်သူ့ကိုဖမ်းဆီး ရန်ချီတက်လာကြ၏။ ထိုသတင်းကိုဒါဝိဒ် ကြားသောအခါခံတပ်ရှိရာသို့ကြွတော် မူ၏။-
2 Samuel 8:14သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။
1 Chronicles 18:1ထို့နောက်ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ်မင်းသည်ဖိလိတ္တိအမျိုးသားတို့နှင့် စစ်တိုက်ရာအနိုင်ရတော်မူ၏။ သူတို့၏လက် မှဂါသမြို့အနီးတစ်ဝိုက်ရှိကျေးရွာများ ကိုသိမ်းယူတော်မူ၏။-
Psalms 108:9သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးအိုးအဖြစ်ဖြင့်လည်းကောင်း၊ ဧဒုံပြည်ကိုငါပိုင်ကြောင်း ငါ့ဖိနပ်တင်ရာအဖြစ်ဖြင့်လည်းကောင်း အသုံးပြုမည်။ ဖိလိတ္တိပြည်ပေါ်၌အောင်ပွဲခံ၍ကြွေးကြော် မည်'' ဟုမိန့်တော်မူပေသည်။