Psalms 61:1
အို ဘုရားသခင်၊ ကျွန်တော်မျိုးအော်ဟစ်သံကိုနားထောင်တော် မူပါ။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
Common Language Bible
In The King James Version
Hear my cry, O God; attend unto my prayer.
In Context
Cross References
Psalms 4:1အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
Psalms 6:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။
Psalms 28:2ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်သို့ လက်အုပ်ချီလျက်``ကူမတော်မူပါ'' ဟု ကျွန်တော်မျိုးဟစ်အော်သောအခါ နားထောင်တော်မူပါ။
Psalms 55:1အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုကြားတော်မူပါ။ ကျွန်တော်မျိုးပန်ကြားသောအခါ မျက်နှာလွှဲတော်မမူပါနှင့်။
Psalms 86:6အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံများကို ကြားတော်မူပါ။
Philippians 4:6အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။-