Psalms 62:9
လူသားတို့သည်ထွက်သက်ဝင်သက်လေမျှသာ ဖြစ်ပေသည်။ လူတို့သည်ယုတ်မြတ်မဟူအနတ္တမျှသာဖြစ် ကြ၏။ သူတို့အားချိန်ခွင်တွင်ချိန်စက်၍ကြည့် ကြလော့။ သူတို့သည်အချိန်မစီး။ ထွက်သက်ဝင်သက်လေထက်ပင်ပေါ့ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 18:5ဒါဝိဒ်သည်ရှောလုစေခိုင်းလေသမျှသော အမှုကိစ္စတို့၌အောင်မြင်သည်သာဖြစ်၏။ ထို့ကြောင့်ရှောလုသည်သူ့အားတပ်မတော် အရာရှိတစ်ဦးအဖြစ်ခန့်ထားတော်မူ၏။ ဤသို့ပြုတော်မူသည်ကိုရှောလု၏အရာ ရှိများနှင့်ပြည်သူပြည်သားများက နှစ်သက်သဘောကျကြ၏။
1 Samuel 18:21``ငါသည်မိခါလကိုဒါဝိဒ်နှင့်စုံဖက်စေမည်။ သူ့အားကျော့ကွင်းသဖွယ်ပြု၍ဒါဝိဒ်ကို ဖိလိတ္တိအမျိုးသားတို့၏လက်ဖြင့်အသတ် ခံရစေမည်'' ဟုဆို၏။-
1 Samuel 23:19ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-
2 Samuel 15:6အဗရှလုံသည်ဘုရင်၏အဆုံးအဖြတ် ကိုခံရန်လာရောက်သူ ဣသရေလအမျိုး သားမှန်သမျှကို ဤနည်းအတိုင်းပြုသဖြင့် ထိုသူတို့၏ကျေးဇူးသစ္စာကိုခံယူရရှိ လေသည်။
2 Kings 19:14ဟေဇကိမင်းသည်ထိုအမှာတော်စာကိုစေ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန်တော် သို့သွား၍ထာဝရဘုရား၏ရှေ့တော်၌ချ ထား၏။-
Psalms 39:11ကိုယ်တော်ရှင်သည်လူအားသူ၏ အပြစ်ဒုစရိုက်အတွက်ဆုံးမ၍အပြစ်ဒဏ် ပေးတော်မူပါ၏။ သူနှစ်သက်စွဲလန်းသောအရာတို့ကိုပိုးဖလံ ကဲ့သို့ ကိုယ်တော်ဖျက်ဆီးပစ်တော်မူပါ၏။ အကယ်စင်စစ်လူသည်ထွက်သက်ဝင်သက်မျှသာ ဖြစ်ပါသည်တကား။