Psalms 62:8
အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
Common Language Bible
In The King James Version
Trust in him at all times; ye people, pour out your heart before him: God is a refuge for us. Selah.
In Context
Cross References
1 Samuel 1:15ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။-
Psalms 3:4ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။
Psalms 22:4ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်ကိုယ်တော်ကို ကိုးစားခဲ့ကြပါ၏။ ယင်းသို့သူတို့ကိုးစားသည့်အတိုင်း ကိုယ်တော်သည်လည်းသူတို့အား ကယ်တော်မူခဲ့ပါ၏။
Psalms 37:3ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
Psalms 46:2သို့ဖြစ်၍ပထဝီမြေကြီးတုန်လှုပ်လျက် တောင်များသည်နက်ရှိုင်းရာသမုဒ္ဒရာထဲသို့ ကျလျှင်သော်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးထ၍အသံမြည်ဟည်းသဖြင့် တောင်များတုန်လှုပ်သော်လည်းကောင်းငါတို့သည် ကြောက်လန့်လိမ့်မည်မဟုတ်။
Psalms 71:7ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။