Psalms 66:20
ဘုရားသခင်သည်ငါ၏ဆုတောင်းပတ္ထနာကို ပယ်တော်မမူသဖြင့်လည်းကောင်း၊ငါ့ထံမှခိုင်မြဲသော မေတ္တာတော်ကိုရုပ်သိမ်းတော်မမူသဖြင့်လည်းကောင်း ငါသည်ကိုယ်တော်အားချီးမွမ်းထောမနာပြုပါ၏။
Common Language Bible
In The King James Version
Blessed be God, which hath not turned away my prayer, nor his mercy from me.
In Context
Cross References
2 Samuel 7:14ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
Psalms 31:22ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
Psalms 68:35သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။