Psalms 31:22
ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 23:26ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊-
1 Samuel 27:1``ရှောလုသည်တစ်နေ့နေ့၌ငါ့ကိုသတ်လိမ့်မည်။ ငါပြုရန်အကောင်းဆုံးအမှုမှာဖိလိတ္တိပြည် သို့ထွက်ပြေးရန်ပင်ဖြစ်၏။ ထိုအခါသူသည် ငါ့အားဣသရေလပြည်တွင် လိုက်လံရှာဖွေ တော့မည်မဟုတ်သဖြင့် ငါသည်လည်းဘေးမဲ့ လုံခြုံစွာနေရလတ္တံ့'' ဟုဒါဝိဒ်သည်တွေး တောမိ၏။-
Job 35:14ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။
Psalms 17:7ကိုယ်တော်၏အံ့သြဖွယ်မေတ္တာတော်ကို ပေါ်လွင်ထင်ရှားစေတော်မူ၍ ကျွန်တော်မျိုးကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏ထံတော်ပါးတွင်ကျွန်တော်မျိုးသည် ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံခွင့် ရရှိပါ၏။
Psalms 66:20ဘုရားသခင်သည်ငါ၏ဆုတောင်းပတ္ထနာကို ပယ်တော်မမူသဖြင့်လည်းကောင်း၊ငါ့ထံမှခိုင်မြဲသော မေတ္တာတော်ကိုရုပ်သိမ်းတော်မမူသဖြင့်လည်းကောင်း ငါသည်ကိုယ်တော်အားချီးမွမ်းထောမနာပြုပါ၏။