Psalms 68:1
ဘုရားသခင်သည်ထတော်မူ၍ကိုယ်တော်၏ ရန်သူများကိုကွဲလွင့်စေတော်မူ၏။ ကိုယ်တော်ကိုမုန်းသောသူတို့သည်အရေးနိမ့်၍ ထွက်ပြေးကြ၏။
Common Language Bible
In The King James Version
Let God arise, let his enemies be scattered: let them also that hate him flee before him.
In Context
Cross References
Exodus 20:5ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
Deuteronomy 7:10သို့ရာတွင်ကိုယ်တော်ကိုမုန်းသောသူတို့ အားချက်ချင်းဒဏ်ခတ်တော်မူမည်။-
Psalms 7:6အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
Psalms 44:26ထတော်မူ၍ကျွန်တော်မျိုးတို့အားကူမ တော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ ကယ်တော်မူပါ။
Psalms 68:14အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဇာလမုန်တောင်ပေါ်တွင်ဘုရင်မင်းတို့ကို ကွဲလွင့်စေတော်မူသောအခါထိုတောင်ပေါ် တွင် မိုးပွင့်များကျစေတော်မူ၏။
Psalms 78:65နောက်ဆုံး၌ထာဝရဘုရားသည်အိပ်ရာမှ နိုးထသူကဲ့သို့လည်းကောင်း စပျစ်ရည်အရှိန်ဖြင့်စိတ်တက်ကြွလာသော သူရဲကဲ့သို့လည်းကောင်းနိုးထတော်မူ၏။