Psalms 68:30
ကူတောမှသားရဲတိရစ္ဆာန်ဖြစ်သည့်အီဂျစ် ပြည်ကို ဆုံးမတော်မူပါ။ နွားလားဥသဘများနှင့်နောက်လိုက် နွားပျိုများတည်းဟူသောလူမျိုးများ သည် ကိုယ်တော်ရှင်အားဦးညွှတ်ပျပ်ဝပ်၍ လက်ဆောင် ပဏ္ဏာဆက်သလာသည်တိုင်အောင်သူတို့အား ဆုံးမတော်မူပါ။ စစ်တိုက်ရန်နှစ်သက်သောလူမျိုးတို့ကိုကွဲလွင့် စေတော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 8:1ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ် သည်ဖိလိတ္တိအမျိုးသားတို့အားနှိမ်နင်း ကာ သူတို့၏စိုးမိုးမှုကိုနိဂုံးချုပ်စေ တော်မူ၏။
2 Chronicles 14:1အဘိယကွယ်လွန်သောအခါ ဒါဝိဒ်မြို့တော် ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာသသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ ထိုမင်း၏လက်ထက်၌ပြည်တော် သည် ဆယ်နှစ်တိုင်တိုင်ငြိမ်းချမ်းသာယာလျက် နေ၏။-
Job 40:21အရိပ်ကောင်းသော အပင်အောက်၊ ကျူပင် ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။
Psalms 18:44လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
Psalms 72:10စပိန်ပြည်နှင့်ကျွန်းများမှရှင်ဘုရင်တို့သည် အခွန်ဆက်သကြပါလိမ့်မည်။ အာရေဗျပြည်နှင့်အဲသရောပိပြည်မှ ရှင်ဘုရင်များသည်လက်ဆောင်ပဏ္ဏာများကို ယူဆောင်လာကြပါလိမ့်မည်။