Psalms 68:32
လောကနိုင်ငံအပေါင်းတို့၊ဘုရားသခင်အား သီချင်းဆို၍ချီးမွမ်းကြလော့။ ရှေးမဆွကတည်ရှိနေသည့်မိုးကောင်းကင်တွင် ကြွမြန်းတော်မူသောဘုရားရှင်အား ထောမနာသီချင်းဆိုကြလော့။ ကျယ်စွာမိန့်မြွက်တော်မူသောအသံကို နားထောင်ကြလော့။
Common Language Bible
In The King James Version
Sing unto God, ye kingdoms of the earth; O sing praises unto the Lord; Selah:
In Context
Cross References
Deuteronomy 32:43``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။ မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''
Psalms 100:1အို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ သီချင်းဆိုလျက်ထာဝရဘုရား၏ဂုဏ်တော် ကို ချီးမွမ်းကြလော့။
Psalms 117:1နိုင်ငံတကာတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ လူမျိုးအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
Isaiah 19:21ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
Revelation 15:4အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။