Isaiah 19:21
ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 17:46ယနေ့ပင်လျှင်ထာဝရဘုရားသည်သင့်အား ငါ၏လက်တွင်အပ်နှင်းတော်မူလိမ့်မည်။ ငါ သည်သင့်ကိုနှိမ်နင်း၍သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်။ ဖိလိတ္တိတပ်သားတို့၏အသေ ကောင်များကိုငှက်များ၊ သားရဲတိရစ္ဆာန်များ ၏အစာဖြစ်စေမည်။ ထိုအခါဣသရေလ အမျိုးသားတို့တွင် ဘုရားရှိတော်မူကြောင်း တစ်ကမ္ဘာလုံးသိကြလိမ့်မည်။-
Psalms 67:2သို့မှသာလျှင်ကမ္ဘာသူကမ္ဘာသားအပေါင်း တို့သည် ကိုယ်တော်ရှင်၏အလိုတော်ကိုသိရှိကြပါလိမ့်မည်။ လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကိုသိကြပါ လိမ့်မည်။
Psalms 98:2ထာဝရဘုရားသည်မိမိ၏အောင်ပွဲကို ကြေညာတော်မူ၍ ကယ်တင်နိုင်သောတန်ခိုးတော်ကို လူမျိုးတကာတို့အားဖော်ပြတော်မူ၏။
Isaiah 11:9ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
Isaiah 44:5``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Isaiah 56:7``ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် တောင်သို့သင်တို့အားပို့ဆောင်မည်။ ငါ့အား ဆုတောင်းပတ္ထနာပြုရာအိမ်တော်တွင် သင် တို့သည်ဝမ်းမြောက်ခွင့်ကိုရရှိကြလိမ့်မည်။ ငါ၏ယဇ်ပလ္လင်တွင်သင်တို့တင်လှူပူဇော် သည့်မီးရှို့ရာယဇ်တို့ကို ငါလက်ခံမည်။ ငါ ၏ဗိမာန်တော်ကိုလူမျိုးတကာတို့ ဆုတောင်း ပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်သမုတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။